ကွတ်ခိုင် နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဲရုံများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သတ်မှတ်ထားသည့် မဲရုံပိတ်ချိန်ညနေ(၄)နာရီ၌ မဲရုံများ ပိတ်သိမ်းသည်။
မဲရုံများ ပိတ်သိမ်းသည်နှင့်တစ်ပြိုင်နက် သက်ဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်မဲရုံတာဝန်ရှိသူများက လွှတ်တော် ကိုယ်စားလှယ်လောင်း များ၏ မဲရုံကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်များနှင့် စောင့်ကြည့် လေ့လာသူများ ရှေ့မှောက်တွင် မဲစာရင်းများ ရေတွက်ရန် လုပ်ဆောင်သည်။
၂၀၂၀ ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ ကွတ်ခိုင်မြို့နယ်အတွင်းမဲရုံ(၁၂၈)ရုံ ရှိပြီး မဲဆန္ဒပြုခွင့်ရှိသူ ၁၂၈၁၈၂ ဦးရှိကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)