ထန်းတပင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဘေးကင်းလုံခြုံစွာဖြင့် ဆန္ဒမဲများပေးနေ

ထန်းတပင်(ရန်ကုန်) နိုဝင်ဘာလ()ရက်

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး၌ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း မဲရုံအသီးသီးတို့တွင် မဲရုံဖွင့် ချိန် နံနက်()နာရီမှ စတင်၍ မဲဆန္ဒရှင်ပြည်သူများက မိမိနှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲများပေးလျက်ရှိပြီး ဆန္ဒမဲများပေးရာတွင်လည်း မဲဆန္ဒရှင်ပြည်သူများ ဘေးကင်းလုံခြုံစိတ်ချမ်း သာစွာဖြင့်ဆန္ဒမဲများကိုပေးလျက်ရှိကြောင်းသိရသည်။

မဲဆန္ဒရှင်ပြည်သူများ ဘေးကင်းလုံခြုံ စိတ်ချမ်းသာစွာဖြင့်ဆန္ဒမဲပေးနိုင်ရေးအတွက်လည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးစိုးတင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲရုံများသို့ သွားရောက်ကာ ပြည်သူများ ဆန္ဒမဲပေးရာတွင် အခက်အခဲများမရှိစေ ရေး၊ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီဆန္ဒမဲပေးနိုင်ရေးတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိသလို မဲရုံအဖွဲ့ဝင်များက မဲရုံများသို့ လာရောက်ကာ ဆန္ဒမဲပေးကြသည့် မဲဆန္ဒရှင်ပြည်သူများကို နှာခေါင်း စည်းများနှင့် မျက်နှာအကာအကွယ်များဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်းနှင့် ကိုယ်အပူချိန်များတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထို့အပြင့် ထန်းတပင်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၉)အုပ်စုတို့တွင် မဲရုံပေါင်း (၁၁၉) ရုံထားရှိရာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူဦးရေ(၁၄၀၇၅၉)ဦးရှိကြောင်းသိရပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အနက်ကြိုတင်ဆန္ဒမဲပေးပြီးသူဦးရေ (၁၈၆၁၅)ဦးထိရှိကြောင်းလည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှသိရသည်။

ထန်းတပင်မြို့နယ်အတွင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် နိုင်ငံရေးပါတီ()ခုတို့မှ ကိုယ် စားလှယ်လောင်း()ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း()ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်()အတွက် နိုင်ငံရေးပါတီ()ခုတို့မှ ကိုယ်စားလှယ်လောင်း()ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်()နေရာအတွက် နိုင်ငံရေးပါတီ()ခုတို့မှ ကိုယ်စားလှယ်လောင်း()ဦးနှင့်တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း()ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်()နေရာအတွက် နိုင်ငံ ရေးပါတီ()ခုတို့မှ ကိုယ်စားလှယ်လောင်း ()ဦးနှင့်တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း()ဦး၊ တိုင်းဒေ သကြီးလွှတ်တော်မဲဆန္ဒနယ်(ကရင်တိုင်းရင်းသားလူမျိုး) နေရာအတွက် ကိုယ်စားလှယ်လောင်း ()ဦးနှင့် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(ရခိုင်တိုင်းရင်းသားလူမျိုး)နေရာအတွက် ကိုယ်စားလှယ်လောင်း ()ဦးစုစုပေါင်းကိုယ်စားလှယ်လောင်း(၃၆)ဦးတို့ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံကြောင်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)