ပျော်ဘွယ်မြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ ဆွဲမှန်ကျေးရွာအနီး ပျော်ဘွယ်-ဘုရားငါးဆူလမ်းမပေါ်ရှိ ကော်ပစ္စည်း(အဟောင်း)ဖြတ်ခုတ်သည့် စက်ရုံဝင်းအတွင်းမီးလောင်မှုဖြစ်ပွား

ပျော်ဘွယ် မေ ၁၉

ပျော်ဘွယ်မြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ ဆွဲမှန်ကျေးရွာအနီး၊ ပျော်ဘွယ်-ဘုရားငါးဆူ လမ်းမပေါ်ရှိ ကော်ပစ္စည်း(အဟောင်း)ဖြတ်ခုတ်သည့် စက်ရုံဝင်းအတွင်း ယနေ့နေ့လယ် (၁၂)နာရီခွဲခန့်က ကော်ပစ္စည်း (အဟောင်း)များ အောင်းပူ(Latent Head) ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုကြောင့်  မော်တော်ဆိုင်ကယ် ကာဗာအဟောင်း ပိဿာ ၅၀၀ ခန့် မီးလောင်ကျွမ်းခဲ့ပြီး အခင်းဖြစ်ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးနှင့်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးငြှိမ်းသတ်ယာဉ်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)