မြောက်ဥက္ကလာပ မေ ၁၉
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန်၊ ရဲဝံ့တက်ကြွစေရန်၊ အားကစားစိတ်ဓာတ်များရင့်သန်လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် Flying Eagle Taekwondo Club တို့ ပူးပေါင်းကျင်းပသော နွေရာသီတိုက်ကွမ်ဒို အခြေခံသင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းနှင့် ဆုရကစားသမားများအား ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်ရှိ Flying Eagle Taekwondo Club တွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသူများအား သင်တန်းသူ/သင်တန်းသားများက တိုက်ကွမ်ဒိုကစားနည်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုက်ကွမ်ဒိုသင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ထူးချွန်ဆုများချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းကို မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ မြို့နယ်အားကစားမှူး၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)