နိုင်ငံ​တော်သံဃမဟာနယကအဖွဲ့၏ ဗုဒ္ဓဘာသာယဥ်​​ကျေးမှုစာမေးပွဲ သံဖြူဇရပ်မြို့နယ်တွင်​ စတင်​ဖြေဆို

သံဖြူဇရပ် မေ ၁၉

နိုင်ငံ​​​တော်သံဃမဟာနာယကအဖွဲ့မှကြီးမှူးကျင်းပသည့်၊ ၁၃၈၆ ခုနှစ် (၃၉) ကြိမ်​မြောက် ဗုဒ္ဓဘာသာယဥ်​ကျေးမှုစာ​မေးပွဲကို ယမန်​နေ့မွန်းလွဲ (၁) နာရီအချိန်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သံဖြူဇရပ်မြို့ မြို့​တော်ဦး ပရိယတ္တိစာသင်တိုက်စာ​ဖြေဌာန၊ ကရုပ္ပိ​ကျေးရွာစာဖြေဌာနနှင့် ထင်းရူး​ကျေးရွာစာ​ဖြေဌာန စုစုပေါင်းစာဖြေဌာန (၃) ခုတို့တွင် စတင်ဖြေဆိုသည်။

ဗုဒ္ဓဘာသာယဥ်​ကျေးမှုစာ​မေးပွဲကျင်းပရာတွင် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာ​တော်အမှူးရှိသည့် သံဃာ့နာယကအဖွဲ့ဝင် ဆရာ​တော်ကြီးများမှကြီးကြပ်​၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်သာသနာ​ရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ဥပထမ္ဘကအဖွဲ့ဝင်များမှ ပူး​ပေါင်း​ဆောင်ရွက်ပြီး၊ ဗုဒ္ဓဘာသာယဥ်​ကျေးမှုစာ​မေးပွဲကို ပထမ​နေ့၌ ယဥ်​​ကျေးမှုဘာသာရပ်၊ ဒုတိယ​နေ့၌ ​လောကနီတိ၊ တတိယ​နေ့၌ အဘိဓမ္မာ ဘာသာရပ်တို့ဖြင့် ​မေ ၁၈ ရက်နေ့မှ ၂၀ ရက်အထိ (၃) ရက်​တာကာလ ဖြေဆိုသွားမည်ဖြစ်ပြီး ဖြေဆိုသူ စာရင်းရှိဦးရေ စုစုပေါင်းမှာ (၄၃၁) ဦးရှိကြောင်း ​မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်ပြန်/ဆက်