ကလောမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကလော မေ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ကျောင်းများမကြာမီဖွင့်လှစ်မည်ဖြစ်၍ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား၊ကျောင်းသူများ ခြင်အန္တရာယ်နှင့်သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက် ၇ နာရီက ကလောတပ်နယ် စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ဟန်၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် ကလောခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်နိုင်တို့မှ ဦးဆောင်၍ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။  

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာနေရာသို့ ကလောတပ်နယ်ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများက ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ ကလောတပ်နယ်အရာရှိစစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကလောမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း/အပြင်ရှိ ချုံနွယ်၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)