သံဖြူဇရပ်မြိုနယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

သံဖြူဇရပ် မေ ၁၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ခြင်းကို သွေလွန်တုပ်ကွေးရောဂါဖြစ်ပွားစေနိုင်သည့်ခြင်များ ပေါက်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောင်ကုသိုလ်ရပ်ကွက်နှင့် ကြံ့ခိုင်ရေးရပ်ကွက်နေ မိသားစုများအား ခြင်ပေါက်ပွားနိုင်သည့် ရေစည်၊ ရေအိုး၊ ရေကန်များ အတွင်းအဘိတ်ဆေးခပ်ခြင်းနှင့် ဘုရားပန်းအိုး၊ ကားတာယာအဟောင်းများ၊ စွန့်ပစ်အမှိုက်များရှိ ခွက်များ၊ ပုံးခွံများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းမှ အသိပညာပေးပြောကြားကာ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအားလုံးကို အပတ်စဥ်စနေနေ့တိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

​မြို့နယ်(ပြန်/ဆက်)