မော်လမြိုင် မေ ၁၈
မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ ရွှေမြိုင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ယုက မော်လမြိုင်ခရိုင်အတွင်းရှိ အဓိကပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းများဖြစ်သည့် လမ်းခင်းကျောက်ထုတ်လုပ်ခြင်း၊ ခနောက်စိမ်းသန့်စင်ခြင်းလုပ်ငန်း၊ ခရမ့်ရာဘာလုပ်ငန်းများအပြင် စက်မှုဆိုင်ရာလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများ၊ အခြေခံစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာများ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဌာနများအနေဖြင့် မိမိတို့ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ပတ်ဝန်းကျင်ရှုထောင့်ကပါ ကြည့်ရှုထိန်းသိမ်းကြပ်မတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ပေးကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ အတွင်းရေးမှူး ဒေါ်သီတာငြိမ်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီမှ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ဆွေးနွေးတင်ပြပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးတင်ပြခဲ့ကြပြီး မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)