မြစ်ကြီးနား နိုဝင်ဘာ ၈
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှ စတင်ကျင်းပပြုလုပ်ရာ မြစ်ကြီးနားမြို့ ဧရာရပ်ကွက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်းရှိ မဲရှံအမှတ်(၁၁)၌ မဲဆန္ဒရှင်ပြည်သူများ နံနက် ၆ နာရီမှစတင်ပြီး လုံခြုံအေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိသည်။
မဲရုံမှူးနှင့်အဖွဲ့များက နံနက် ၆ နာရီတွင် မဲရုံဖွင့်လှစ်ကြောင်းကြေညာပြီး ဆန္ဒမဲပေးသူများအား Social Distancing နှင့်အညီ စနစ်တကျ တန်းစီစေခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်း၊ သက်မှတ်နေရာ အသီးသီး၌ Social Distancingနှင့်အညီ မဲစာရင်းသွင်းခြင်း၊ လျှို့ဝှက်ဆန္ဒမဲ ပေးခန်းတွင် မဲပေးခြင်း၊ လက်သန်းမင်တို့ခြင်းတို့ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စံလုပ်ငန်း လမ်းညွှန်ချက်များ နှင့်အညီ မဲပေးခဲ့ကြသည်။
အဆိုပါ မဲရုံတွင် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်မှ စာရင်းအရ မဲပေးခွင့်ရှိသူ (၂၅၁၆)ဦးရှိပြီး ကြိုတင်မဲ (၅၃၇)ဦး ရှိကြောင်းနှင့် မြို့နယ်အတွင်း ဆန္ဒမဲပေးခွင့်ရှိသူ (၂၃၈၅၇၆)ဦးရှိပြီး၊ နိုင်ငံရေးပါတီ (၈)ခုမှ လွှတ်တော် ကိုယ်စားလှယ်လောင်း (၆၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရှံး စာရင်းများအရ သိရသည်။
စိန်ဝင်း(ပြန်/ဆက်)