လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် စနစ်တကျ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

လှိုင်သာယာ(အရှေ့ပိုင်း) နိုဝင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက် ၆ နာရီအချိန်မှစ၍ ပြည်သူများ လာရောက်၍ ဆန္ဒမဲပေးလျက် ရှိသည်။

ထိုသို့ ဆန္ဒမဲပေးရာတွင် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ တန်းစီ၍ တာဝန်ရှိသူများမှ ပြင်ပမှ တပ်ဆင် အသုံးပြုလာသော နှာခေါင်းစည်း Mask များအား အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်စေပြီး 95 Mask များ စနစ်တကျ တပ်ဆင်ပေးခြင်း၊ Face Shield များ တပ်ဆင်ပေးခြင်း၊ မဲရုံအဝင်ဝတွင်လည်း လက်များကို လက်သန့်ဆေးရည်များနှင့် ဆေးကြောပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း အစရှိသည့် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်၍ ဆန္ဒမဲပေးလျက် ရှိပြီ မသန်းစွမ်းသူများအား ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကာ အများပြည်သူများမှ လွတ်လပ်စွာ မိမိတို့၏ဆန္ဒသဘောအတိုင်း အေးချမ်း ပျော်ရွှင်စွာဖြင့် ဆန္ဒမဲပေးနေကြသည်။

အဆိုပါ ဆန္ဒမဲပေးရာတွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်သည် လူဦးရေ ထူထပ်များပြားသည့် မြို့နယ်ဖြစ်ရာ ရပ်ကွက်( ၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅)အုပ်စုတို့တွင် မဲရုံပေါင်း(၃၄၉)ရုံ

ဆန္ဒမဲရှင်စာရင်းပေါင်း( ၃၆၂၄၂၅ ) ဦးကို ရှိပြီး ယနေ့နံနက် ၆နာရီမှ ညနေ ၄နာရီအထိ အသက်(၁၈)နှစ် ပြည့်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း မိမိတို့၏ ဆန္ဒအလျောက် လာရောက်မဲပေးနိုင်ကြောင်း၊ မဲရုံပိတ်သိမ်းချိန်၌ မဲရုံပရဝဏ်အတွင်း ကျန်ရှိသည့် မဲဆန္ဒရှင် ပြည်သူများအားမဲပေးခွင့် မဆုံးရှုံးစေရေး အတွက်  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များအား  အမှတ် (၁၅)ရပ်ကွက်တွင် မဲဆန္ဒရှင်စာရင်း (၂၉၀၀၀) ဦး ရှိပြီး မဲရုံပေါင်း (၂၄)ရုံ ဖြင့် မဲဆန္ဒရှင်စာရင်းများကို တစ်နာရီလျင်စာရင်းများ ကောက်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)