သံဖြူဇရပ်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ လူငယ်အသိပညာပေးဟောပြောခြင်းနှင့် ပြပွဲများပြသဆောင်ရွက်

သံဖြူဇရပ်    မေ     ၁၇

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် လူငယ်အသိပညာပေးဟော​ပြောခြင်းနှင့် နံရံကပ်၊ ဓါတ်ပုံ၊ စာအုပ်ပြပွဲပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာသိကောင်းစရာများ၊ လက်ရှိကမ္ဘာပေါ်တွင်ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဆိုင်ရာဖြစ်စဥ်များ၊ လူကုန်ကူးမှုဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ လူကုန်ကူးမှုဖြစ်ပွားလာပါက ဆက်သွယ်ဆောင်ရွက်ရမည့်သူများ၊ မိမိတို့ကိုယ်တိုင်လူကုန်ကူးမှုမခံရစေရေး စသည့်အကြောင်းအရာများအား အသိပညာပေး ရှင်းလင်းပြောကြားသည်။

ထို့နောက် အသိပညာတိုးပွားစေရေးအတွက် လူငယ်အသိပညာပေးနံရံကပ်စာစောင်များဖြစ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဗီနိုင်းပိုစတာ၊ ဓါတ်ပုံပြပွဲနှင့် သုတ၊ ရသစာအုပ်များကို ပြသခဲ့ရာ လူငယ်များမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)