ပူတာအို၌ မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ဆန္ဒမဲပေး

ပူတာအို    နိုဝင်ဘာ   ၈

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပလျက်ရှိရာ ပူတာအိုမြို့နယ်တွင် ယနေ့နံနက် ၆ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ မဲရုံ(၄၈)ရုံ၌ ဆန္ဒမဲပေးခွင့်ရှိသူများက သတ်မှတ်မဲရုံများတွင်ဆန္ဒမဲများ စတင်ပေးခဲ့ကြသည်။

ထိုသို့ဆန္ဒမဲပေးကြရာတွင် မဲဆန္ဒရှင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက မဲဆန္ဒရှင်များအား မဲမပေးမီကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ hand gel များဖြင့် လက်ဆေးစေခြင်း၊ နှာခေါင်းစည်း(Mask)အသစ်လဲလှယ်ပေးခြင်းများနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ နေရာသတ်မှတ်၍ နေရာချထားခြင်းများစသည့် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပျော်ရွှင်အေးချမ်းစွာ ဆန္ဒပေးနိုင်ရန် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်။

ပူတာအိုမြို့နယ်တွင် မဲဆန္ဒနယ်အသီးသီးမှ လွတ်တော်ကိုယ်စားလှယ်(၅၀)ဦး ယှဉ်ပြိုင်လျက်ရှိပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၄)အုပ်စုတို့မှ မဲဆန္ဒရှင်(၃၉၂၂၁)ဦး တို့က လွတ်လွတ်လပ်လပ် ရွေးချယ်၍ ပျော်ရွှင်အေးချမ်းစွာ မိမိတို့နှစ်သက်သော ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲများပေးကြကြောင်း သိရသည်။

ဆန်းညွန့်(ပူတာအို)