ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ကွမ်းလုံမြို့နယ် ခိုလုံရပ်ကွက် မဲရုံအမှတ် (၁) ၌ ဆန္ဒမဲပေး

ကွမ်းလုံ    နိုဝင်ဘာ     

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ယနေ့ နံနက်()နာရီ အချိန်ခန့်က ကွမ်းလုံ မြို့နယ်၊ ခိုလုံရပ်ကွက် မဲရုံအမှတ်() ကိုးကန့်ယဉ်ကျေးမှု ခန်းမ၌ ‌ဆန္ဒမဲပေးခဲကြောင်း သိရသည်။

မဲရုံအသီးသီးသို့လာရောက် ဆန္ဒမဲပေးလျက်ရှိသည့်  မဲဆန္ဒရှင် ပြည်သူများကို ကိုဗစ်-၁၉  ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မဲရုံတာဝန်ရှိသူများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ ရေမလို လက်သန့်ဆေးရည်များဖြင့် လက်သန့်စင်စေခြင်း၊ နှာခေါင်းစည်းများ ဝေငှခြင်း ၊ တစ်ဦးနှင့် တစ်ဦး ၆ ပေ ကွာခြား၍ နေရာချပေးခြင်းစသည်တို့ကို ဆောင်ရွက်ပေးလျက်ပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများကလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ကွမ်းလုံမြို့နယ်တွင် မဲရုံပေါင်း(၅၈)ရုံရှိပြီး မဲဆန္ဒရှင်ပြည်သူပေါင်း (၃၈၁၉၀)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)