ပေါင် မေ ၁၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်လှုပ်ရှားမှု ဆိုင်းဘုတ်တင်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်အတွင်းရှိ အ.ထ.ကကျောင်းများတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးတို့က တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်များပတ်ဖြန်းပေးခဲ့ကြသည်။ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှု ဆိုင်းဘုတ်တင်ခြင်းကို ပေါင်မြို့မနယ်မြေ၊ ဇင်းကျိုက်နယ်မြေ၊ မုတ္တမနယ်မြေများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မွန်မလေး (ပြန်/ဆက်)