ချောင်းဆုံ မေ ၁၆
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ စိုက်ပျိုးရေး၊ မွေမြူးရေးနှင့် အသေးစား ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအသင်းသားများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ တစ်ထောင်ငါးရာကိုးဆယ့်နှစ်သိန်း ခြောက်သောင်းတစ်ထောင်ကျပ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူးက ထောက်ပံ့ငွေများပေးအပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ မြို့နယ်အတွင်းရှိ လယ်ယာနှင့်အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းလီမိတက် (၄) သင်း၊ မွေးမြူးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် (၁) သင်းနှင့် မျိုးစေ့ထုတ်သမဝါယမအသင်းလီမိတက် (၁) သင်း စုစုပေါင်းအသင်း (၆) သင်းမှ အသင်းသား (၂၅၃) ဦးတို့အား တာဝန်ရှိသူများမှ ဒုတိယအကြိမ် မတည်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သူဇာ(ပြန်/ဆက်)