မိုင်းရယ်မြို့နယ်ရှိ မဲရုံများတွင် ပြည်သူများ ဆန္ဒမဲများပေးနေမှုများကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ လိုက်လံကြည့်ရှု

မိုင်းရယ်   နိုဝင်ဘာ  ၈

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွထွေ ရွေးကောက်ပွဲကို မဲရုံအသီးသီးတွင် ယနေ့ နံနက် ၆ နာရီမှစ၍ ပြည်သူများဆန္ဒမဲများ လာရောက်ပေးလျက်ရှိသည်။

မဲရုံအသီးသီးသို့လာရောက် ဆန္ဒမဲပေးကြသည့် မဲဆန္ဒရှင်များ၏ ဆန္ဒမဲပေးနေမှု အခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက် ထားရှိမှုများ အား ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးသိန်းဝင်းနှင့် အဖွဲ့ဝင်များက  ယနေ့ နံနက်(၆)နာရီမှ စတင်ပြီး မိုင်းရယ်မြို့နယ်အတွင်း မဲရုံများသို့ လိုက်လံကြည့်ရှုခဲ့သည်။

မိုင်းရယ်မြို့နယ်အတွင်း ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၅)အုပ်စု၌ မဲရုံ(၄၅)ရုံတွင်  ဆန္ဒမဲပေးနိုင်သူ (၄၈၆၇၉)ဦး ရှိပြီး ရွေးကောက်ပွဲမကျင်းပနိုင်သည့် ကျေးရွာအုပ်စု မရှိ ကြောင်း သိရသည်။

ပိုင်ပိုင်သွင်