နမ့်ခမ်းမြို့၌ မဲဆန္ဒရှင်ပြည်သူများမဲပေးမှုအခြေအနေကို တာဝန်ရှိသူများက လိုက်လံကြည့်ရှု

နမ့်ခမ်း နိုဝင်ဘာ ၈

(၂၀၂၀)ပြည့်နှစ်၊  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီအချိန် က တစ်နိုင်ငံလုံး၌ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ သက်မှတ် မဲဆန္ဒနယ်အသီးသီးရှိ မဲရုံများတွင် တစ်ပြိုင်နက်ကျင်းပပြီး မဲဆန္ဒရှင်ပြည်သူများမဲပေးမှုအခြေအနေကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မဲရုံများသို့ လိုက်လံကြည့်ရှုပြီး လိုအပ်သည့်အကူအညီများ ပူးပေါင်းဆောင်ရွက် ပေးကြသည်။

မဲရုံများမဖွင့်လှစ်မီအချိန် မဲရုံမှူးနှင့် မဲရုံတာဝန်ရှိသူများက လွှတ်တော်ကိုယ်စားလှယ်လောင်းများ နှင့် တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် မဲပုံးများအတွင်း၌ မည်သည့်တစ်စုံတရာမျှ မရှိကြောင်းပြသကာ မဲပုံးအဖုံးများ လုံးခြုံရေးကြိုးများ ချိတ်ပိတ်၍ သတ်မှတ်သည့်နေရာများ၌ ချထားပြီး      မဲဆန္ဒရှင်ပြည်သူများအား လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယ မဲရုံမှူး၊ မဲလက်မှတ်ထုတ်ပေးသူနှင့် တာဝန်ရှိသူများက စနစ်တကျ စီစဉ်ဆောင်ရွက်ပေးသည်။

နမ့်ခမ်းမြို့ရှိ မဲဆန္ဒရှင်များက နံနက်(၆)နာရီမတိုင်မီ ရုံးများ၌ ဆန္ဒမဲပေးရန်ရောက်ရှိနေကြပြီး မဲရုံတာဝန်ရှိသူများက မဲရုံစတင်ဖွင့်လှစ်ကြောင်း ကြေညာလိုက်သည်နှင့်အတူ မဲဆန္ဒရှင်များ၏ မဲလက်မှတ်များကို စနစ်တကျ ထုတ်ယူ၍ ဘေးကင်းလွတ်လပ်စွာ ဆန္ဒမဲစတင်ပေးကြသည်။

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်း၌ ရပ်ကွက်(၁၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၃)အုပ်စု၊ မဲရုံပေါင်း(၁၁၅)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၈၆၆၃၄)ရှိပြီး မဲဆန္ဒရှင်များက ဆန္ဒမဲလာရောက်ပေးနေသည့်အချိန် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းဖြစ်သည့် ကိုယ်အပူချိန်တိုင်းခြင်း၊ မဲဆန္ဒရှင်တိုင်း နှားခေါင်းစည်း N-95(Mask) တစ်ဦးလျင် (၁)ခုစီ ဖြန့်ဝေးပေးခြင်း၊ လက်သန့်ဆေးရည် (Hand Gel) များ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ဘဦး(ပြန်/ဆက်)