ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် ဇနီး ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ကြသည့် လွှတ်တော် ကိုယ်စားလှယ်နေရာများအတွက် ဆန္ဒမဲပေး

ရန်ကုန်၊ နိုဝင်ဘာ  ၈

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီး ဒေါ်ခင်မိမိကြွယ် တို့သည် ယနေ့မွန်းလွဲပိုင်းကဗဟန်းမြို့နယ်၊ ရွှေတောင်ကြား ၂ ရပ်ကွက်၊ လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်ကျောင်း ၊ မဲရုံ အမှတ် ၃ တွင် ဆန္ဒမဲများပေးကြသည်။

ထိုသို့ဆန္ဒမဲပေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဗဟန်းမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ကြသည့် လွှတ်တော် ကိုယ်စားလှယ်နေရာများအတွက် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးရန် မှတ်တမ်း စာအုပ်၌ လက်မှတ် ရေးထိုးကြပြီး ဆန္ဒမဲလက်မှတ်များ၌လျှို့ဝှက်ဆန္ဒမဲပေးကြပြီး ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲ လက်မှတ်များ ထည့်သွင်း၍ ဆန္ဒမဲ ပေးကြကြောင်းသိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)