တောင်ကြီး မေ ၁၆
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် ပညာရေးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲတွင် ကင်းထောက်လူငယ်သင်တန်းသား၊ သင်တန်းသူများက ပြည်သူအတွက်အစဉ်အသင့် သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါက်တာသင်းသင်းခိုင်က အဖွင့်အမှာစကားပြောကြားကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးဦးဝင်းဌေးက လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးအကြောင်း ဟောပြောဆွေးနွေးခဲ့သည်။ ထိုနောက် ကင်းထောက်လူငယ်သင်တန်းသား၊ သင်တန်းသူများက ကင်းထောက်များရဲ့ရှေ့သို့ခြေလှမ်း သီချင်းဖြင့် ဖျော်ဖြေ၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ် မေလ၁၅ ရက်မှ ၂၀၂၄ ခုနှစ် မေလ ၁၈ ရက်အထိ သုံးရက် သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)