သင်္ဃန်းကျွန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ

သင်္ဃန်းကျွန်း မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ယမန်နေ့ နံနက် (၉) နာရီ (၃၀) မိနစ်အချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူပွဲအား အခြေခံပညာကျောင်းများ၌ ကျင်းပခဲ့သည်။

အဆိုပါဆိုင်းဘုတ်များကို သင်္ဃန်းကျွန်း မြို့နယ်ပညာရေးမှူးရုံး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က-သုဝဏ္ဏကျောင်းများတွင် မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်း၊ ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ ပညာ‌ရေးဝန်ထမ်းများက၂၀၂၄-၂၀၂၅ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်များကို ကျောင်းရှေ့များတွင် ဆိုင်းဘုတ်စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား၊ကျောင်းသူများအား မေလ (၂၃)ရက် နေ့မှစတင်၍ ကျောင်းအပ်နှံရေးရက်သတ္တပတ် အဖြစ်သတ်မှတ်ပြီး ဇွန်လ (၂) ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းအောင်(သင်္ဃန်းကျွန်း)