ကျိုက်ထို မေ ၁၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တိရစ္ဆာန်များမှကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း မြို့နယ်အဆင့်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်က ခွေးလေ၊ခွေးလွင့်များ၏ အန္တရာယ်နှင့်ပတ်သက်၍ ကာကွယ်နှိမ်နှင်းရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁) ဦးထွန်းညီညီက မွန်ပြည်နယ် (၁၀)မြို့နယ်၌ ခွေးလေ၊ခွေးလွင့်များကိုက်ခဲမှုကြောင့် ပြည်သူအများထိခိုက်ဒဏ်ရာရရှိမှု၊ အချိန်မီမကုသနိုင်မှုကြောင့် သေဆုံးရမှုများကို နှစ်အလိုက်ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးဒေါက်တာခွန်မောင်အိုးက ခွေးလေ၊ခွေးလွင့်များ ကိုက်ခဲခံရမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက ခွေလေ၊ခွေးလွင့်များသုတ်သင်ရှင်းလင်းရေး၊ ရောဂါကူးစက်မှုနှင့်ပြန့်ပွားမှုမရှိစေရန် ကာကွယ်ဆေးထိုးနှံပေးရေးကိစ္စများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)