ကျောက်တံတား မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ကျောက်တံတားမြို့နယ် အမှတ်(၂) ရပ်ကွက်ရှိ အ.မ.က(၄)ကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာမှ ဝန်ထမ်းများက ကျောင်းအတွင်းရှိ ရေစည်၊ ရေလှောင်ကန်များတွင် Abate ဆေးခပ်ခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်း၊ ကျန်းမာရေးပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါသွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို မဟာဗန္ဓုလပန်းခြံလမ်း (အနော်ရထာလမ်းနှင့်မဟာဗန္ဓုလလမ်းကြား) အ.မ.က(၁)ကျောင်းတွင်လည်းကောင်း၊ မဟာဗန္ဓုလပန်းခြံလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်းကြား) အ.မ.က(၄)ကျောင်းတွင်လည်းကောင်း၊ ဆိပ်ကမ်းသာလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်းကြား) အ.မ.က(၂)ကျောင်းတွင်လည်းကောင်း၊ ပန်းဆိုးတန်းလမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား) အ.မ.က(၅)ကျောင်းတွင်လည်းကောင်း၊ ပန်းဆိုးတန်းလမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား) အ.မ.က(၆)ကျောင်းတွင်လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (၃၇ လမ်းနှင့် ၃၈လမ်းကြား) အ.ထ.က(၁)ကျောင်းတွင်လည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြို့နယ် (ပြန်ဆက်)