ပန်းဘဲတန်း မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောက်တံတားခရိုင်အုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်(၂)က အဖွင့်အမှာစကားပြောကြားပြီး ကျောက်တံတားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်များကိုထပ်ဆင့်ရှင်းလင်းပြီး ရုံးလုံခြုံရေးနှင့်မိမိကိုယ်ကိုလုံခြုံရေးကို အထူးဂရုပြုနေထိုင်ကြရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးတင်ထွန်းမှ တက်ရောက်လာသောဌာနဆိုင်ရာမှတာဝန်ရှိသူများအား တစ်ဦးချင်းမိတ်ဆက်၍ လိုအပ်သည်များမှာကြားပြီး ထူးခြားဖြစ်စဉ်သတင်းများသိရှိလျှင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်သတင်းပေးကြရန်စသည်တို့ကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)