ပန်းဘဲတန်း မေ ၁၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သူနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး မေလ (၁၃) ရက်နေ့က ရပ်ကွက်(၃)ဓမ္မာရုံ၌ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ပန်းဘဲတန်းမြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ စက်တင်ဘာ ၃၀ ရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး Biometric ဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများကို နေ့စဉ်ရပ်ကွက်ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ရွှေ့ပြောင်းနေထိုင်သူများကိုလည်း ငါးဦးကော်မတီဖြင့်စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဥမ္မာကျော်(ပန်းဘဲတန်း)