မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

မောက်မယ် မေ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများတိုးပွားစေရန်နှင့် စာပေမှရရှိသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ Book Club အသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းပြီး  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များသည် တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးအတွက် တန်ဖိုးဖြတ်မရသည့် ရတနာများဖြစ်သဖြင့် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှအသိပညာဗဟုသုတများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေပြီး ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေချစ်မြတ်နိုးစိတ်များ ကိန်းအောင်းနေစေရန် ရည်ရွယ်၍  စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ရခြင်းကို ပြောကြားပြီး စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသော “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရာ တက်ရောက်လာသည့် Book Club အသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က စာအုပ်တွင်ပါဝင်သည့် အကြောင်းအရာများကို အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ပြီး သိရှိလိုသည့် အဓိပ္ပါယ်နှင့် အကြောင်းအရာများကို ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ပြန်လည်ရှင်းလင်းပေးခဲ့ပြီး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ခင်းကျင်းပြသထားသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဓာတ်ပုံ၊ နံရံကပ်စာစောင်များ ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)