နွားထိုးကြီးမြို့နယ်ရုံး (Community Centre)ခန်းမတွင် နွေရာသီ အင်္ဂလိပ်စကားပြောသင်တန်း ဆင်းပွဲကျင်းပ

နွားထိုးကြီး မေ ၁၅

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီအင်္ဂလိပ်စကားပြော သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင့်လွင်ဦးက အင်္ဂလိပ်စကားပြောသင်တန်းကာလ၌ သင်ကြားပို့ချချက်များသည် လက်တွေ့အထောက်အကူဖြစ်မှာဖြစ်ပြီး ကျောင်းသား၊ကျောင်းသူများအနေဖြင့် ယနေ့လူငယ်၊ နောင်ဝယ်လူကြီး ဖြစ်လာမည်ဖြစ်သဖြင့် ကျောင်းစာကိုကြိုးစားသင်ယူကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ နွေရာသီအင်္ဂလိပ်စကားပြော ၁၄.၅.၂၀၂၄ ရက်နေ့မှ စတင်သင်ကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သင်တန်းနားချိန်တွင် အချိုရည်နှင့်မုန့်များ ကျွေးမွေးဧည့်ပြီး ယနေ့နံနက် ၉ နာရီမှ ၁၁ နာရီအချိန်တွင် သင်တန်းဆင်းပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၄) ဦး တက်ရောက်ခဲ့သည်။

သန်းအောင်ဇော်