တာလေ မေ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာ ဗန်းမော်တင်အောင် ရေးသားသည့် ''ငဩ''စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဉီးစီးဌာနမှ ဒုတိယဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများဖြစ်ပေါ်စေရေးနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိကာ ဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ “ငဩ” စာအုပ်သည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့ဒီမိုကရေစီရေးတို့တွင် စွမ်းစွမ်းတမံခုခံတိုက်ပွဲဝင်ခဲ့ကြပြီး ခေတ်အဆက်ဆက် လယ်သမားဘဝလွတ်မြောက်ရေးအတွက် ဗမာပြည်တဝှမ်း လယ်သမားစစ်ပွဲတိုင်းတွင် ကျဆုံးသွားခဲ့သည့် အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးပေါင်းစုံ လယ်သမားထုကြီး တစ်ခုလုံးအား ရည်စူး၍ ထုတ်ဝေထားသည့် စာအုပ်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များက ၁၉၃၀-၃၁ ခုနှစ်များအတွင်းက မြန်မာနိုင်ငံ၌ ဖြစ်ပွားပေါ်ပေါက်ခဲ့သော တောင်သူလယ်သမားစစ်ပွဲကြီး၏ ဖြစ်ပွားရခြင်းအကြောင်းအရင်းများနှင့် ရှုံးနိမ့်ရသော အကြောင်းအချက်များအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)