မိုင်းရယ် နိုဝင်ဘာ ၈
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွထွေရွေးကောက်ပွဲကို မဲရုံအသီးသီးတွင် ယနေ့နံနက် ၆နာရီမှစ၍ ပြည်သူများဆန္ဒမဲ လာရောက်ပေးလျက်ရှိသည်။
မဲရုံအသီးသီးသို့လာရောက် ဆန္ဒမဲပေးကြသည့် မဲဆန္ဒရှင်များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဆန္ဒမဲလာရောက်ပေးကြသည့် မဲဆန္ဒရှင်များကို ကျန်းမာရေးဝန်ထမ်းများမှ အဖျားတိုင်းခြင်း၊ Mask များပေးဝေခြင်း၊ လက်ဆေးခြင်း၊ ခြောက်ပေကွာ စနစ်တကျတန်းစီစေပြီး ဆန္ဒမဲများပေးနိုင်ရေး အတွက် မဲရုံအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ အထူးရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
မိုင်းရယ်မြို့နယ်အတွင်း ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၅)အုပ်စု၌ မဲရုံ(၄၅)ရုံတွင် ဆန္ဒမဲပေးနိုင်သူ (၄၈၆၇၉)ဦးရှိ၍ ရွေးကောက်ပွဲမကျင်းပနိုင်သည့် ကျေးရွာအုပ်စုမရှိကြောင်း သိရသည်။
ပိုင်ပိုင်သွင် (ပြန်/ဆက်)