မိုင်းရှူးမြို့နယ်အတွင်း မဲရုံအသီးသီး၌ ပြည်သူများ ဆန္ဒမဲပေး

မိုင်းရှူး       နိုဝင်ဘာ      ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကို ယနေ့ နံနက် ၆ နာရီမှစ၍  ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲရုံများတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများအနေဖြင့် အေးချမ်း စွာ ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းရှူးမြို့နယ် (မိုင်းစံမြို့အပါ) အတွင်း မဲရုံပေါင်း (၄၅)ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၅၂၄၄၄)ဦး ရှိရာ အသက် (၆၀)နှစ်နှင့်အထက် ဘိုးဘွားများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်း သူများနှင့် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများက အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲများ ပေးထားပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှသိရပြီး၊ ဆန္ဒမဲပေးရာတွင် မဲရုံများတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)