ပုဗ္ဗသီရိ နိုဝင်ဘာ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများ၌ ယနေ့ နံနက် ၆ နာရီ မှစတင်၍ မဲဆန္ဒရှင်ပြည်သူများ လုံခြုံအေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆန္ဒမဲပေးရာတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံအေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လူတစ်ဦးနှင့်တစ်ဦး ခြောက်ပေခြား၍ တန်းစီစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာ ခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ရပ်ကွက် (၁၇) ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၈)အုပ်စုမှ အသက်(၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင် စုစုပေါင်း (၉၇၇၈၇)ဦး ရှိပြီး မဲရုံပေါင်း(၇၉)ရုံဖွင့်လှစ်၍ ပြည်သူများ ဆန္ဒမဲပေးလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ကံချွန်(ပြန်/ဆက်)