ပျော်ဘွယ်မြို့နယ်တွင် အသင်းဝင်များနှင့်စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ် မေ ၁၄

ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာမ ဒေါက်တာမတင်ဝင်း ရေးသားသည့် “အလုပ်ဆိုတာအင်အားပါ” စာအုပ်မှ အကြောင်းအရာကို ဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးကြသည်။

စာပေဝါသနာရှင်များက ယခုစာအုပ်တွင် စာရေးဆရာမသည် အလုပ်ဆိုသည်မှာ မိမိဘဝကိုခိုင်ခန့်စွာ တည်ဆောက်ဖို့အတွက် အလိုအပ်ဆုံးအင်အားဖြစ်ပါကြောင်း၊ စားဝတ်နေရေးအတွက် အလုပ်လုပ်ရသော်လည်း အခြားသော တန်ဖိုးများစွာကိုလည်း ရရှိနိုင်ပါကြောင်းတို့ကို ဥပမာများနှင့် နှိုင်းယှဉ်ထားပါကြောင်း၊ လူမှုဘဝတွင် အနိမ့်အမြင့်အတက်အကျများစွာကို ရင်ဆိုင်နိုင်မှ အင်အားကိုထိန်းညှိနိုင်ပါကြောင်းတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

မင်းမင်းထွေး(ပျော်ဘွယ်)