ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ပြည်သူများဆန္ဒမဲပေး

လောက်ကိုင်      နိုဝင်ဘာ    ၈ 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံ အသီးသီး၌  နံနက်(၆) နာရီမှစတင်၍ ပြည်သူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိသည်။

လောက်ကိုင်ဒေသအတွင်း မဲဆန္ဒရှင် (၈၃၆၆၃)ဦး၊ မဲရုံပေါင်း (၅၀)နှင့် ယှဉ်ပြိုင်ပါတီ (၂)ခု ရှိပြီး မဲဆန္ဒရှင်ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏   လမ်းညွှန်ချက်များနှင့်အညီ မဲရုံ တာဝန်ရှိသူ များက အဖျားတိုင်းခြင်း၊  လက်သန့်ဆေးရည်ဖြင့်    လက်ကိုသန့်စင်ခြင်း နှာခေါင်းစည်းများဝေငှခြင်း ၊ စာရွက်စာတမ်းများအား ပိုးသတ်ဆေးဖြန်းခြင်း၊ လူတစ်ဦးကို (၆)ပေအကွာခြား၍ နေရာချပေးခြင်း၊ စနစ်ဆတကျဆန္ဒမဲပေးလျက် သက်ဆိုင်ရာ ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများကလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နန်းခွာညိုနှင်း