မိုင်းနောင်မြို့ အ-ထ-ကကျောင်းတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်

မိုင်းနောင် မေ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်နိုင်ရေးနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာကြီးဦးဇော်မြင့်သိန်းက မိုင်းရှူးခရိုင်၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဆောက်လုပ်နိုင်ရေးနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားကာ အစည်းအဝေးတက်ရောက်လာသူများက လိုအပ်သည်များ ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မြို့မိမြို့ဖများ၊ ကျောင်းသားမိဘများနှင့် ဆရာ/ဆရာမများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)