ကျိုက်မရောမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျိုက်မရော မေ ၁၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက နွားမွေးမြူရေးခြံ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျိုက်မရောမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဒေါက်တာ ဆုမွန် ဦးဆောင်၍ ကျွဲ၊ နွားများ၏ ကျန်းမာရေးဖွံဖြိုးတိုးတက်စေရန်အတွက် လည်ချောင်းကွဲရောဂါ၊ ပေါင်ပုတ်၊ လက်ပုတ်ရောဂါကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဥ်များကို မွေးမြူရေးခြံပိုင်ရှင်များအား ရှင်းလင်းပြောကြားပြီး မွေးမြူရေးနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ရန်မျိုးအောင်ရပ်ကွက်ရှိ နွားမြူရေးခြံများသို့သွားရောက်၍ နွားကောင်ရေ (၁၂) ကောင်အား လည်ချောင်းကွဲရောဂါနှင့် ပေါင်ပုတ်၊ လက်ပုတ်ရောဂါကာကွယ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိချို (ပြန်/ဆက်)