မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနား တက်ရောက်

မော်လမြိုင်   မေ   ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ကျောင်းအပ်နှံရေး သီတင်းပတ်ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.လ.က(၁)မော်လမြိုင်ကျောင်းရှေ့(မြို့တော်ဦးအဝိုင်းအရှေ့)၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊  ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်တို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာအား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမွှေးနံသာရည်များဖြင့် ပတ်ဖျန်းခဲ့ပြီး အ.ထ.က(၈)မော်လမြိုင်မှ ကျောင်းသူလေးများ၏ ဘင်ခရာပန်းပွားဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကိုကြည့်ရှု၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ကာ ကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)