ဇမ္ဗူသီရိ နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မဲရုံ (၄၅) ရုံကို ယနေ့ နံနက် (၆) နာရီအချိန်က တစ်ပြိုင်တည်းစတင် ဖွင့်လှစ်ခဲ့ရာ ပြည်သူများ ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် ရပ်ကွက် (၁၂) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂) အုပ်စုရှိပြီး စုစုပေါင်း မဲရုံ (၄၅) ရုံ၊ မဲဆန္ဒရှင် စုစုပေါင်း (၉၅၀၄၇) ဦးရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)