မိုင်းနောင် မေ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်/ဆက်ဦးစီးဌာနရုံး Community Centre တွင် လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နန်းမီးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းကာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း စာအုပ်ထဲမှ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့်လူမှုရေးအတွေးများခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးကြကြောင်း သိရှိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)