ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲပေး

ဒဂုံ(အရှေ့) နိုဝင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ရပ်ကွက်/ကျေးရွာ (၃၂)ရပ်ကွက်ရှိ မဲဆန္ဒရှင် ပြည်သူများ စိတ်အေးချမ်းစွာ ယနေ့ နံနက် ၆ နာရီအချိန်မှ စတင်၍ စိတ်အေးချမ်း ပျော်ရွှင်စွာ ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆန္ဒမဲပေးရာတွင် တစ်ဦးနှင့်တစ်ဦး ခြောက်ပေခြားတန်းစီ၍ ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊  Mask များ စနစ်တကျ တပ်ဆင်ပေးခြင်း၊ Face Shield များ တပ်ဆင်ပေးခြင်း၊ မဲရုံအဝင်ဝတွင် လက်များအား လက်သန့်ဆေးရည်များနှင့် စနစ်တကျဆေးကြောပေးခြင်း၊ မဲရုံများတွင် မဲထည့်ရာ၌  နှောင့်နှေးမှု မရှိစေရေးအတွက် Hand Speaker များဖြင့် သက်ဆိုင်ရာမဲရုံသို့ လွယ်ကူလျင်မြန်စွာ မဲပေး နိုင်ရေးအတွက် လမ်းညွှန်ပေးခြင်း အစရှိသည့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တွင် မဲရုံပေါင်း (၁၇၁)ရုံ ထားရှိ၍  မဲဆန္ဒရှင် စုစုပေါင်း(၁၄၁၂၂၇)ဦးရှိပြီး ရပ်ကွက်/ ကျေးရွာနေပြည်သူများ ဆန္ဒမဲပေး ပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ယနေ့ နံနက်(၆)နာရီမှ ညနေ(၄)နာရီအထိ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)