ကျောက်တန်းမြို့နယ်တွင် ကျောင်းအပ်နိုင်ရေး မြေစိုက်ပိုစတာစိုက်ထူပွဲကျင်းပ

ကျောက်တန်း မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နိုင်ရေး မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို မေလ (၉) ရက်နေ့ နံနက် (၉) နာရီ  (၃၀) မိနစ်အချိန်တွင် ကျောက်တန်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂ ဦးစိုးမြင့်ကျော်၊ ဒုတိယမြို့နယ်ပညာရေးမှူးဒေါ်တင်တင်ဝေနှင့် ကျောင်းအုပ်ဆရာမကြီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နေလင်းကျော် (ပြန်ဆက်)