လှိုင်သာယာ(အရှေ့ပိုင်း) မေ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၀န်ထမ်းများမှ မေလ (၁၂) ရက်နေ့ နံနက် (၉) နာရီ၌ ညောင်ကျေးရွာအုပ်စု ၅၅၅ သဲကွင်းတွင် ယာယီရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ စိစစ်ထုတ်ပေးဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ကတ်ပြားရရှိပြီးသူများကို e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့်ဇီ၀ဆိုင်ရာအချက်အလက်(Biometric Data) ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဆက်လက်၍ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ညောင်ကျေးရွာအုပ်စု ၅၅၅ သဲကွင်းတွင် ယာယီရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်ထောင်စု(၄၁)စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၈၄)ဦးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မ (၈၄)ဦး စုစုပေါင်း(၁၆၈)ဦးတို့အား စိစစ်ထုတ်ပေးဆောင်ရွက်ပြီး နိုင်ငံသားကတ်ရရှိသူများအား e-ID စနစ်ဖြင့် Biometric ကောက်ယူကာ ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ်များကို ဒုတိယလ၀ကမှူးဦးသန်းထိုက်၊ ဦးရဲ၀င်းလှိုင်နှင့်၀န်ထမ်းများမှ ဆက်လက်ထုတ်ပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခင်ဝင်းမူ( ပြန်/ဆက်)