ပင်းတယ မေ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ယခုအခါတွင် ရေသွင်းစိုက်ပျိုးထားသည့် နွေသီးနှံဒေသထွက် ခရမ်းချဉ်သီးများ ဈေးကောင်းရရှိနေကြောင်း သိရသည်။
ဓနုဒေသတွင် နေထိုင်ကြသူအများစုမှာ ဒေသနှင့်ကိုက်ညီသည် ဒေသရိုးရာ အစားအစာများဖြစ်သည့် လက်ဖက်၊ ဂျူး၊ ပဲပုတ်လုပ်ငန်းအပြင် ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းဂေါ်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့် လယ်ယာစသည့်တို့ကို တနိုင်တပိုင်စီးပွားရေးအဖြစ် လုပ်ကိုင်ကြပြီး၊ ထွက်ရှိလာသည့် သီးနှံများအား ရန်ကုန်၊ မန္တလေး၊ အောင်ပန်းအစရှိသည့် မြို့ကြီးများရှိ ကုန်စိမ်းပွဲရုံများသို့တင်ပို့ ရောင်းချလျက်ရှိကြောင်းနှင့် ယခုအောင်ပန်းမြို့ပွဲရုံသို့ နွေသီးနှံ ခရမ်းချဉ်သီးတစ်ပိဿာကို အရွယ်အစားပေါ် မူတည်၍ ကျပ်(၁၅၀ဝိ/-)မှ ကျပ်(၂၀၀ဝိ/-)၊ ပိဿာချိန်(၃၀)ဝင် ခရမ်းချဉ်သီး အစိမ်းတစ်အိတ်ကို ကျပ်(၄၅၀၀ဝိ/-)မှ ကျပ်(၅၀၀၀ဝိ/-)နှင့် တင်ပို့ရောင်းချရနေကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
အောင်ကိုဦး (ပြန်/ဆက်)