မင်္ဂလာတောင်ညွန့် မေ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ကျောင်းသား/ ကျောင်းသူ၊ လူငယ်လူရွယ်လေးများ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ မြန်မာ့လက်မှုပညာရပ်တစ်ခုဖြစ်သည့် ပန်းချီအနုပညာနှင့် ပတ်သက်၍ တီထွင်ကြံဆတတ်စေရန်၊ အရောင်ရွေးချယ်မှုမှန်ကန်စေရန်နှင့် အမြတ်တနိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မင်္ဂလာတောင်ညွန့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ မေ(ရန်ကုန်) က သင်တန်းပို့ချချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် ပန်းချီပညာရပ်၏ အခြေခံသဘောတရားများ၊ ရှုခင်းအလှ ပန်းချီ၊ လူပုံနှင့် တိရစ္ဆာန်ပုံ ရေးဆွဲနည်းများ၊ အရောင်တို့၏ အနက်အဓိပ္ပာယ်၊ အရောင်တို့မှပေးသော ခံစားမှုရသများ နှင့်တီထွင်ဖန်တီးမှုပန်းချီပညာတို့ကို သင်တန်းသား/ သင်တန်းသူ (၁၃) ဦးအား ၂၀၂၄ခုနှစ် မေလ ၁၃ရက်နေ့မှ မေလ ၁၇ ရက်နေ့အထိ ငါးရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)