ပျော်ဘွယ် မေ ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် စာဖတ်ရှိန် မြင့်မားလာစေရန်အတွက် စာဖတ်ဝိုင်း ကျင်းပခြင်းကို ယနေ့ မွန်းလွဲ (၂)နာရီခွဲက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက လုပ်ငန်းကျွမ်းကျင်မှုအပြင် စာဖတ်ရှိန် မြင့်မားလာစေရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးဆောင်၍ Zoom Meeting ဖြင့်ပြုလုပ်ခဲ့သည့် စာဖတ်ဝိုင်းတွင်လည်း ဝန်ထမ်းများ တက်ရောက်နားထောင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းများကိုယ်တိုင် ပိုမိုသိရှိနားလည်နိုင်စေရန် အတွက် ယခုလို စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ စာရေးဆရာ ဗန်းမော်တင်အောင် ရေးသားသည့် ရဲဘော်အောင်ဒင် စာအုပ်ပါ အကြောင်းအရာများကို ဖတ်ရှုကာ ဝန်ထမ်းအချင်းချင်း အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)