တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

တောင်သာ  မေ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါစာဖတ်ဝိုင်းတွင်  စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club) အဖွဲ့ဝင်များမှ  စာရေးဆရာ ဇေရတု(မြန်မာပြန်) ရေးသားသော “ပျော်ရွှင်အောင်မြင်ဘဝနှင့်လုပ်ငန်းခွင်” စာအုပ်မှ ကျွန်ုတို့၏ဘဝသည် ကျွန်ုပ်တို့၏ ပြုပြင်ဖန်တီးမှုအပေါ်၌ အများကြီးအခြေတည်သည်ဟူသော အချက်ကို ပြသရန် ဒေလ်ကာနက်ဂျီကသူ၏ စာအုပ်ကို ရေးသားခဲ့လေသည်။ ကျွန်ုပ်တို့၌ရှိသော ကောင်းကွက်၊ ဆိုးကွက်များကို ရှင်းရှင်းလင်းလင်းမြင်အောင် ရှုမြင်ပြီး မိမိကိုယ်ကို အရှိအတိုင်း ဦးစွာလက်ခံ၍ ပန်းတိုင်ကို တက်လှမ်းနိုင်ရန် လိုအပ်သောပြုဖွယ်ဆောင်တာတို့ကို ဆောင်ရွက်နေမည်ဆိုလျှင် ပူပန်သောကရောက်ရန် အချိန်ရှိတော့မည် မထင်ပါ။ လတ်တလောဖြေရှင်းရမည့် ပြဿနာများနှင့်သက်ဆိုင်သော စာရွက်စာတမ်းမှလွဲ၍ ကျန်စာရွက်စာတမ်းအားလုံးကို သင့်စားပွဲပေါ်မှ ရှင်းထားပါ စသည်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)