နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

နွားထိုးကြီး မေ ၁၃

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ သုတေသီဘုန်းမြင့်သွေး၏ “လူတောတိုးဖို့လူရာဝင်ဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းပြပြီး (Book Club) အဖွဲ့ဝင်များက “အောင်မြင်ကျော်ကြားမှု လိုချင်သူတွေမှန်သမျှဟာ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့်အတူ သတ္တိရှိဖို့လိုပါတယ် သတ္တိမရှိရင် မအောင်မြင်ပါဘူး သတ္တိရှိမှ လူတောတိုး လူရာဝင်ဝင်မယ်ဗျာ လူတစ်ယောက်မှာ သတ္တိဆိုတာ ရေရှည်ရှိရမယ့်အားပဲ လူနဲ့သတ္တိ ဘဝတစ်လျှောက်လုံး ပူးတွဲရှိနေရမယ် ရှိသင့်ရှိထိုက်တဲ့ သတ္တိလောက်မှမရှိရင် လူဟာ ဘယ်နေရာမှာမှ သုံးလို့ရမှာမဟုတ်တော့ဘူး”ဟု စာရေးဆရာ သုတေသီဘုန်းမြင့်သွေး၏ “လူတောတိုးဖို့လူရာဝင်ဖို့” စာအုပ်ပါအကြောင်းအရာများမှ နားလည်မှတ်သားထားရှိမှုများကို နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ တစ်ဦးချင်းအပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်