မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုနှင့်ဆွမ်းဆန်စိမ်းလောင်းလှူ

မင်္ဂလာတောင်ညွန့် မေ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ်(၂)နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် သံဃနာယကဆရာတော်အမှူးပြုသော ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၉)ပါးအား လှူဖွယ်ဝတ္ထုနှင့်ဆွမ်းဆန်စိမ်းများ လောင်းလှူပူဇော်ခဲ့ကြပါသည်။

ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများဖြစ်သော (၁)အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရဘဒ္ဒန္တမေဓင်္ကရာနန္ဒ(ဆုတောင်းပြည့်ကျောင်း၊ တောင်လုံးပြန်)၊ (၂) အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဉာဏဓဇ(ဓမ္မရက္ခိတကျောင်း၊ မလွှကုန်း)၊ (၃)အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တရေ၀တာနန္ဒ (ဆုတောင်းပြည့်ကျောင်း၊တောင်လုံးပြန်ရပ်ကွက်)၊ (၄) မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တမာဃိန္ဒ(သာသနာ့ရံသီကျာင်း၊ သိမ်ဖြူရထား) (၅)မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တတေဇိတ(နော်မံကျောင်း၊သာယာကုန်း)(၆) သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဒေါက်တာဘဒ္ဒန္တဣန္ဒက (ဓမ္မဇေယျာပရိယတ္တိစာသင်တိုက်၊ပုသိမ်ညွန့်)၊ (၇)ဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တာ်ရဘဒ္ဒန္တဥတ္တမသာရ (ခေမာသီဝံကျာင်း၊ကူးတို့ဆိပ်)၊ (၈)မဟာဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တာ်ရ ဘဒ္ဒန္တကဝိန္ဒာစာရာဘိဝံသ(တုလွတ်စံကျာင်း၊ သိမ်ဖြူရထား) ဘွဲ့တံဆိပ်တော်ရဆရာတော် သံဃာတော်(၈)ပါးနှင့် မြို့နယ်သံဃနာယကအဖွဲ့မှ ဥက္ကဋ္ဌဆရာတော်(၁)ပါး စုစုပေါင်းဆရာတော်သံဃာတော်(၉)ပါးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့၀င်(၂) ဦးဝင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့်အဖွဲ့၀င်များက လှူဖွယ်၀တ္ထုများဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်သံဃာတော်များမှပရိတ်တရားချီးမြှင့်ခဲ့ကာ အခမ်းအနားအား ညနေ(၁၅)နာရီ အချိန်တွင် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ ပိတ်သိမ်းခဲ့ပါ​သည်။

ထို့နောက် ဆရာတော်သံဃာတော်များအား မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ပြီး ဆရာတော်သံဃာတော်များမှ မြို့နယ်အတွင်းရှိရပ်ကွက်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးလှည့်လည်အပူ‌ဇော်ခံသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)