လှည်းကူး မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် စာရေးဆရာအသင်းမှ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ လှည်းကူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးမြင့်ထွန်းက အသင်းဝင်များအနေဖြင့် လစဥ်ပထမအပတ်၌ပြုလုပ်သည့် အစည်းအဝေးကို ပုံမှန်တက်ရောက်စေလိုကြောင်း၊ အသိပညာဗဟုသုတရရှိသည့် စာပေများရေးသား၍ စာမူတိုက်များသို့ ပေးပို့စေလိုကြောင်း၊ မြို့နယ်ပြန်/ဆက်မှ ဖွဲ့စည်းထားသည့် မိမိတို့ Book Club အပြင် Women Club ၊ Youth Club များမှပြုလုပ်သည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရှေ့လုပ်ငန်းစဥ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းမှ ဘဏ္ဍာရေးမှူးက ရန်ပုံငွေရရှိ၊ သုံးစွဲ၊ လက်ကျန်ငွေများကို ရှင်းလင်းပြောကြားခဲ့ပြီး ယခုလအတွင်း မြို့နယ်ပြန်/ဆက်မှ ကျင်းပပြုလုပ်မည့် စာဖတ်ဝိုင်း၊ Talk Show ၊ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ဆောင်ရွက်ရာတွင် မြို့နယ်စာရေးဆရာအသင်းမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမြင့်ထွန်းမှ ပြောကြားကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)