မိုင်းပန် မေ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မိုင်းပန်မြို့နယ်၊ အနောက်ရပ်ကွက်ရှိ ကက်သလစ်သာသနာဘုရားရှိခိုးကျောင်း၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကက်သလစ်သာသနာဘုရားရှိခိုးကျောင်း၊ လူငယ်လူရွယ်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအကြောင်းအရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူး မျိုးမြင့်ဆွေက နွေရာသီကျောင်းပိတ်ရက်အတွင်း လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အားလပ်ချိန်များအတွင်း ဗဟုသုတရရှိစေရန် စာပေများကို ဖတ်ရှုလေ့လာသင့်ကြောင်းနှင့် မိုဘိုင်းဖုန်းများကို အကျိုးရှိစွာအသုံးချတတ်စေရေး အကြောင်းအရာများကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)