မက်မန်းခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှုစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မက်မန်း မေ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှုစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်လွဲပိုင်းအချိန်က မက်မန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက လမ်းညွှန်အမှာစကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်လုပ်ငန်းတာဝန်များနှင့် မိုးစပါး Seeder ဖြင့် ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးနိုင်ရေးကြီးကြပ်ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံကိန်းဦးစီးမှူး ဦးဇော်ဝင်းနိုင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဒေသန္တရစီမံကိန်းနှင့်ရင်းနှီးမြှပ်နှံမှုစီမံကိန်းရည်မှန်းချက်များအား တာဝန်ပေးအပ်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကိုပေးအပ်ခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)