မိုးနဲမြို့၌ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးလန်ပျက်စီး

မိုးနဲ   မေ   ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးများကျရောက်ခြင်းနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် မြို့ပေါ်ရပ်ကွက်အချို့ လူနေအိမ်မျာနှင့် ကျေးရွာများရှိလူနေအိမ် စုစုပေါင်း ၄၉ အိမ် အမိုးလန်ပျက်စီးခြင်းနှင့် သစ်ပင်ကြီးများ ကျိုးကျမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

အဆိုပါနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လိုအပ်သောကူညီမှုများဆောင်ရွက်ပေးခဲ့ကြပြီး အမိုးလန်ပျက်စီးမှုများအတွက် သက်ဆိုင်ရာပြည်သူများအား အမြန်ဆုံးထောက်ပံ့ပေးနိုင်ရေး မြို့နယ်ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။     

မြို့နယ်(ပြန်/ဆက်)